Saturday, June 9, 2007

Photos/Movies CD & DVD Creation

Photo CD/DVD တစ်ချပ် Burning ပြုလုပ်ရန်အတွက် JPEG Format ကိုသာအသုံးပြုသင့်ပါသည်။ သို့မှသာ Any CD/DVD Player များတွင်ထည့်သွင်း ကြည့်ရှုရန် အဆင်ပြေမည်ဖြစ်သည်။ Photo Album CD တစ်ချပ်ပြုလုပ်ရန်အတွက် Software များစွာရှိသည့်အနက် Mediatox မှရေးသားဖြန့်ဖြူးသော Aurora Media Workshop Software သည်ဘက်စုံအသုံးပြုနိုင်သော Media Software တစ်ခုဖြစ်သည်။ Software နှင့် သင်ဆိုင်သောအချက်အလက်များကို www.mediatox.com တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ Photo DVD များကိုလည်း အထက်ဖော်ပြပါ Media Software ကိုအသုံးပြု၍ လွယ်လင့်တကူ ကူးယူနိုင်ပါသည်။

DVD အချပ်များတွင် Single Layer နှင့် Double Layer ဟူ၍နှစ်မျိုးနှစ်စား ရှိပါသည်။ Single Layer DVD သည်သိုလှောင်နိုင်မှုပမာဏအားဖြင့် CD (၈) ချပ်စာရှိပြီး Double Layer DVD တွင်သိုလှောင်နိုင်မှုပမာဏ CD (၁၆) ချပ်စာရှိပါသည်။ ယခုခေတ်စာနေသော (၉)ကား၊ (၁၂)ကား အစရှိသည့် Double Layer DVD များတွင်ထည့်သွင်းထားသော Movies များသည် MP4 Format ဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ Movie Format များတွင် MP4 Format ဖြင့် Compile လုပ်ပါက File Size သေးငယ်သွားသကဲ့သို့ Audio Format များတွင်လည်း MP3 Format ဖြင့် Compile လုပ်ပါက Original Size ၏ (၁၀)စမျှသေးငယ်သွားမည်ဖြစ်သည်။


--
Have a nice day
Nay Linn Aung

1 comment:

Anonymous said...

Well written article.